“လူတို့အားကြောက်ရွံ့ခြင်းသည် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တရားကို ပြောဆိုခြင်းမှ…

“လူတို့အားကြောက်ရွံ့ခြင်းသည် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တရားကို ပြောဆိုခြင်းမှ မတားမြစ်ပါစေနှင့်။ အကယ်၍ ၎င်းသည် ထိုအမှန်တရားကို တွေ့မြင်ပါက သို့မဟုတ် သိပါက (ပြောဆိုပါ လေ)။”

အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “လူတို့အားကြောက်ရွံ့ခြင်းသည် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တရားကို ပြောဆိုခြင်းမှ မတားမြစ်ပါစေနှင့်။ အကယ်၍ ၎င်းသည် ထိုအမှန်တရားကို တွေ့မြင်ပါက သို့မဟုတ် သိပါက (ပြောဆိုပါ လေ)။”

[صحيح] [رواه الترمذي وابن ماجه وأحمد]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ နောက်လိုက်တပည့်သားများအား ဟောပြောသည့်အခါ မိန့်ကြားခဲ့သည့် အကြောင်းအရာများအနက်တစ်ခုမှာ မွတ်စ်လင်မ်တစ်ဦးသည် လူတို့၏ကြောက်ရွံ့မှုနှင့် သြဇာလွှမ်းမိုးမှုတို့က ၎င်းအား အမှန်တရားကို ပြောဆိုခြင်း သို့မဟုတ် ၎င်းကို တွေ့မြင်သော် သို့မဟုတ် သိရှိသော် ၎င်းကို ညွှန်ကြားခြင်းမှ ရှောင်ကြဉ်ခြင်း မပြုရန် မိန့်ကြားတော်မူခဲ့သည်။

فوائد الحديث

၁။ အမှန်တရားကို ထုတ်ဖော်ပြောဆိုရန်နှင့် လူတို့ကို ကြောက်ရွံ့၍ ၎င်းကို ဖုံးကွယ်ခြင်းမပြုရန် တိုက်တွန်းထားခြင်း။

၂။ အမှန်တရားကို ပြောဆိုခြင်းဆိုသည်မှာ ၎င်းကို ပြောဆိုရာတွင် ယဉ်ကျေးသိမ်မွေ့စွာ၊ ဉာဏ်အမြှော်အမြင်နှင့် ကောင်းမွန်သောဆုံးမဩဝါဒတို့ဖြင့် ပြောဆိုခြင်းကို ကျင့်သုံးရန်မလိုအပ်ဟု ဆိုလိုခြင်းမဟုတ်ပေ။

၃။ မကောင်းမှုကို ဆန့်ကျင်ငြင်းပယ်ရန် အရေးကြီးပြီး၊ အလ္လာဟ်အရှင်မြတ်၏ အခွင့်ရေးကို ၎င်းနှင့်ဆန့်ကျင်ဘက် လူတို့၏အကျိုးစီးပွားများထက် ဦးစားပေးခြင်း။

التصنيفات

ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းမှုမှ တားမြစ်ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်။