“ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ ဈေးတစ်ခုရှိသည်။ လူတို့သည် သောကြာ နေ့တိုင်း ထိုဈေးသို့ လာရောက်ကြသည်

“ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ ဈေးတစ်ခုရှိသည်။ လူတို့သည် သောကြာ နေ့တိုင်း ထိုဈေးသို့ လာရောက်ကြသည်

အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ ဈေးတစ်ခုရှိသည်။ လူတို့သည် သောကြာ နေ့တိုင်း ထိုဈေးသို့ လာရောက်ကြသည်။ ထို့နောက် မြောက်လေသည် တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများနှင့် အဝတ်အစားများပေါ်၌ (အလှအပနှင့်ဆိုင်သော) အရာများကို ဖြန့်ကြဲပေးလေသည်။ ထိုအခါ ၎င်းတို့သည် အလှအပနှင့် ဂုဏ်ကျက်သ ရေ၌ တိုးမြင့်လာ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့၏မိသားစုများထံသို့ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးပွားလျက် ပြန်လာကြသည်။ ထိုအခါ ၎င်းတို့၏ မိသားစုဝင်များက သူတို့အား ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ - ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် ခင်ဗျားတို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ ပို၍ တိုးတက်လာပါပေသည်’ ဟု ပြောဆိုကြသည်။ ထိုအခါ သူတို့က ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ ‘သင်တို့လည်း ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် သင်တို့၏ အလှအပနှင့် ဂုဏ်ကျက်သ ရေ တိုးတက်လာပါပေသည်’ ဟု အပြန် အလှန် ‌ပြောဆိုကြလေမည်။”

[صحيح] [رواه مسلم]

الشرح

တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သုခဘုံတွင် နေရာတစ်ခု ရှိပြီး လူတို့သည် ထိုနေရာ၌စုစည်းကြလေသည်။ ထိုနေရာ၌ ရောင်းခြင်းလည်းမရှိ၊ ဝယ်ယူခြင်းလည်းမရှိ။ သူတို့အလိုရှိရာကို ယူကြ၏။ ခုနစ်ရက်တစ်ကြိမ် ထိုနေရာသို့ သူတို့လာရောက်ကြ၏။ ထို့နောက် မြောက်လေသည် တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများနှင့် အဝတ်အစားများပေါ်၌ (အလှအပနှင့်ဆိုင်သော) အရာများကို ဖြန့်ကြဲပေးလေသည်။ ထိုအခါ ၎င်းတို့သည် အလှအပနှင့် ဂုဏ်ကျက်သရေ၌ တိုးမြင့်လာ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့၏မိသားစုများထံသို့ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးပွားလျက် ပြန်လာကြသည်။ ထိုအခါ ၎င်းတို့၏ မိသားစုဝင်များက သူတို့အား ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ - ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် ခင်ဗျားတို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ ပို၍ တိုးတက်လာပါပေသည်’ ဟု ပြောဆိုကြသည်။ ထိုအခါ သူတို့က ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ ‘သင်တို့လည်း ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် သင်တို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးတက်လာပါပေသည်’ ဟု အပြန် အလှန် ‌ပြောဆိုကြလေမည်။”

فوائد الحديث

၁။ ဂျန္နသ်သုခဘုံသားတို့သည် အဆင်းလှခြင်း၊ အလှအပတို့၌ အဆင့်အတန်းမြင့်မားစွာ တိုးပွားလျက်ရှိကြောင်း ရှင်းလင်းဖော်ပြချက်။

၂။ ဟဒီးစ်တော်များသည် လူသားတို့အား အဆိုပါအိမ်တော် (ဂျန္နသ်သုခဘုံ) သို့ ရောက်ရှိနိုင်သော ကောင်းမှုများကို ဆောင်ရွက်ရန် စိတ်ဆန္ဒဖြစ်ပေါ်စေသည်။

၃။ မြောက်လေကို အထူးဖော်ပြထားရခြင်းမှာ ယင်းသည် အကောင်းဆုံးသောလေဖြစ်ပြီး၊ အာရဗ်လူမျိုးတို့အဖို့ ကောင်းကျိုးနှင့် မိုးရွာသွန်းမှုကို ယူဆောင်လာတတ်သောကြောင့် ဖြစ်သည်။

၄။ ဂျန္နသ်သုခဘုံနှင့် ၎င်း၏နိအ်မသ်စည်းစိမ်သုခတို့ဖြင့် (လူတို့အား) စိတ်ဆန္ဒဖြစ်ပေါ်စေလျက် အလ္လာဟ်အရှင်မြတ်၏လမ်းတော်သို့ ဖိတ်ခေါ်ရန် တိုက်တွန်းထားခြင်း။

التصنيفات

ဂျန္နသ်နှင့် ဂျဟန္နမ် အကြောင်းအရာများ။