အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထိုင်ဝိုင်းတစ်ခုသို့ ရောက်သွားသောအခါ စလာမ်ဆိုပါ။…

အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထိုင်ဝိုင်းတစ်ခုသို့ ရောက်သွားသောအခါ စလာမ်ဆိုပါ။ ထိုင်ဝိုင်းမှထလိုသောအခါ စလာမ်ဆိုပါ။ ပထမဆိုလိုက်သောစလာမ်သည် ဒုတိယစလာမ်ထက် ပို၍မသာမြတ်ပါ။ (၎င်းစလာမ်နှစ်မျိုးစလုံးသည် အတူတူပင်ဖြစ်သည်။)

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထိုင်ဝိုင်းတစ်ခုသို့ ရောက်သွားသောအခါ စလာမ်ဆိုပါ။ ထိုင်ဝိုင်းမှထလိုသောအခါ စလာမ်ဆိုပါ။ ပထမဆိုလိုက်သောစလာမ်သည် ဒုတိယစလာမ်ထက် ပို၍မသာမြတ်ပါ။ (၎င်းစလာမ်နှစ်မျိုးစလုံးသည် အတူတူပင်ဖြစ်သည်။)

[حسن] [رواه أبو داود والترمذي والنسائي في الكبرى وأحمد]

الشرح

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့ထိုင်နေရာ နေရာသို့ရောက်ရှိလာသူအား ထိုသူများအား ဦးစွာစလာမ်ပေးရန် လမ်းညွှန်ထား သည်။ ထို့ပြင် ထိုနေရာမှ ထွက်ခွာလိုပါက ကျန်ရှိသူများအား စလာမ်ပေး၍ နှုတ်ဆက်ရန်လည်း မိန့်ကြားထားသည်။ အကြောင်းမှာ လာရောက်စဉ်က စလာမ်ပေးခြင်းသည် ထွက်ခွာချိန်၌ စလာမ်ပေးခြင်းထက် ပိုမိုအခွင့်ထူးခံထိုက်သော အခွင့်အရေးရှိသည်မဟုတ်ပေ။

فوائد الحديث

၁။ စလာမ်‌ပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်ရန် တိုက်တွန်းထားသည်။

၂။ ထိုင်ဝိုင်း၌ ရှိနေသူများအား တွေ့ဆုံချိန်နှင့် ခွဲခွာချိန်တို့တွင် စလာမ်‌ပေးရန် တိုက်တွန်းထားသည်။

၃။ အိမာမ်ဆင်န်ဒီက မိန့်ဆိုသည်- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ‘ထွက်ခွာလိုပါက’ ဟူသော စကားမှာ စုဝေးရာနေရာမှ ထွက်ခွာ ခြင်းကို ရည်ညွှန်းသည်။ ‘ပထမစလာမ်သည် ပို၍အခွင့်အရေးမရှိ’ ဟူသော အဆိုမှာ နှစ်မျိုးစလုံးသည် ကျင့်သုံးထိုက်သော စွန္နသ်ဖြစ်သည်။ သို့ဖြစ် ၍ ပထမစလာမ်ကို အတည်ပြုထားသောကြောင့် ဒုတိယစလာမ်ကို စွန့်လွှတ်ရန် အကြောင်းမရှိပေ။

التصنيفات

စလာမ်ပေးခြင်းနှင့် ခွင့်တောင်းခြင်းဆိုင်ရာ အာဒါဗ် စည်းကမ်းများ။