إعدادات العرض
“သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး ရိက္ခာချီးမြှင့်ခံရခြင်း…
“သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး ရိက္ခာချီးမြှင့်ခံရခြင်း ဖြစ်သည်မဟုတ်လော။”
မုစ်ွအတ်ဗ် ဗင်န် စအ်ဒ် (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်။ စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)သည် မိမိကိုယ်ကို မိမိအောက်လူများထက် သာလွန်သည်ဟု မြင်လေသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ – “သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး ရိက္ခာချီးမြှင့်ခံရခြင်း ဖြစ်သည်မဟုတ်လော။”
الترجمة
العربية বাংলা Bosanski English Español فارسی Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Hausa Kurdî Nederlands Kiswahili অসমীয়া ગુજરાતી සිංහල Magyar ქართული Română ไทย Português मराठी ភាសាខ្មែរ دری አማርኛ Македонски తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore ಕನ್ನಡ پښتو Shqip Српскиالشرح
စအ်ဒ် ဗင်န် အဘီဝက္ကားစ်ွ (ရဿွိယလ္လာဟုအန်ဟု) သည် မိမိ၏ရဲစွမ်းသတ္တိနှင့် အခြားသောဂုဏ်အင်္ဂါများကြောင့် မိမိထက်နိမ့်ကျသော အားနည်းသူများထက် မိမိ၌ ဂုဏ်သိက္ခာ ပိုမိုရှိသည်ဟု ထင်မှတ်မိသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူခဲ့သည်– သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး စားနပ်ရိက္ခာချီးမြှင့်ခြင်း ခံကြရသည်မဟုတ်လော။ ဤသည် သူတို့၏ ဒုအာဆုတောင်းခြင်းများ၊ ဆွလားသ်ဝတ်ပြုမှုများနှင့် စိတ်စေတနာစင်ကြယ်ခြင်းတို့ကြောင့်ပင်ဖြစ်သည်။ အကြောင်းမှာ သူတို့သည် ဒုအာဆုတောင်းရာတွင် အိခ်လားစ်ွစိတ်စေတနာစင်ကြယ်မှု အရှိဆုံးဖြစ်ကြပြီး၊ လောကီပစ္စည်းဥစ္စာ၏ တန်ဆာဆင်မှုကို စွဲလမ်းမှု ကင်းရှင်းသော စိတ်နှလုံးများရှိသောကြောင့် ဝတ်ပြုကိုးကွယ်ရာတွင်လည်း ခိုရှူအ် (အာရုံစူးစိုက်မှု) အရှိဆုံးလည်း ဖြစ်ကြသည်။فوائد الحديث
၁။ မိမိကိုယ်ကို နှိမ့်ချရိုကျိုးရန် တိုက်တွန်းခြင်းနှင့် သူတစ်ပါးအပေါ် ထောင်လွှားခြင်းကို တားမြစ်ထားခြင်း။
၂။ အိဗ်နုဟဂျရ်က မိန့်ဆိုသည်– အကယ်၍ အင်အားကြီးသူသည် မိမိ၏ ရဲစွမ်းသတ္တိ၏ ဂုဏ်ကျေးဇူးဖြင့် သာလွန်မြင့်မြတ်နိုင်မည်ဆိုလျှင်၊ အင်အားနည်းသူသည်လည်း မိမိ၏ ဒုအာဆုတောင်းခြင်းနှင့် စိတ်စေတနာဖြူစင်မှု၏ ဂုဏ်ကျေးဇူးဖြင့် သာလွန်မြင့်မြတ်နိုင်ပေသည်။
၃။ ဆင်းရဲနွမ်းပါးသူများအား ကောင်းမှုပြုရန်နှင့် ၎င်းတို့၏အခွင့်အရေးများကို ပေးအပ်ရန် တိုက်တွန်းခြင်း။ အကြောင်းမှာ ယင်းသည် အရှင်မြတ်၏ ကရုဏာတော်နှင့် အောင်မြင်မှုကို သင်ရရှိစေမည့် အကြောင်းတရားများထဲမှ တစ်ခုဖြစ်သောကြောင့်တည်း။
التصنيفات
သူတော်ကောင်းများ၏ အခြေအနေများ။