သတိပြုကြလော့။ ဤလောကကြီးသည် ကျိန်စာသင့်ခြင်းခံရပြီး၊ ၎င်းအတွင်းရှိအရာအားလုံးသည်လည်း…

သတိပြုကြလော့။ ဤလောကကြီးသည် ကျိန်စာသင့်ခြင်းခံရပြီး၊ ၎င်းအတွင်းရှိအရာအားလုံးသည်လည်း ကျိန်စာသင့်ခြင်းခံရပေသည်။ အလ္လာဟ်အရှင်မြတ်၏ဇိကရ်(သတိရတသမှု) နှင့် ၎င်းနှင့်ဆက်နွှယ်သောအရာများ၊ သာသနာ့ပညာရှင်နှင့် ပညာသင်ယူဆည်းပူးနေသူတို့သာ ထိုအရာမှကင်းလွတ်၏။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ "သတိပြုကြလော့။ ဤလောကကြီးသည် ကျိန်စာသင့်ခြင်းခံရပြီး၊ ၎င်းအတွင်းရှိအရာအားလုံးသည်လည်း ကျိန်စာသင့်ခြင်းခံရပေသည်။ အလ္လာဟ်အရှင်မြတ်၏ဇိကရ်(သတိရတသမှု) နှင့် ၎င်းနှင့်ဆက်နွှယ်သောအရာများ၊ သာသနာ့ပညာရှင်နှင့် ပညာသင်ယူဆည်းပူးနေသူတို့သာ ထိုအရာမှကင်းလွတ်၏။"

[حسن] [رواه الترمذي وابن ماجه]

الشرح

တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က လောကီနှင့် ၎င်းအတွင်းရှိအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ မုန်းတီးခြင်းခံရသော၊ ကဲ့ရဲ့ခြင်းခံရသော၊ စွန့်ပယ်ခြင်းခံရသော၊ ဖယ်ရှားခြင်းခံရသောအရာများဖြစ်ကြောင်း၊ ၎င်းတွင်ရှိသော အရာများသည် ချီးမွမ်းထိုက်ဖွယ်မရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။ အကြောင်းမှာ လောကီနှင့် ၎င်းအတွင်းရှိအရာအားလုံးသည် အရှင်မြတ်ထံမှ ဖယ်ရှားစေပြီး ဝေးကွာစေသောကြောင့်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်အား ဇိကိရ်သတိရတသခြင်း နှင့် ၎င်းနှင့်နီးစပ်သောအရာ၊ အရှင်မြတ်နှစ်သက်တော်မူသောအရာများ၊ သို့မဟုတ် လူဆို့အား ရှရီအဟ်ပညာရပ်ကို သင်ကြားပေးသော ပညာရှင်၊ သို့မဟုတ် ထိုပညာကို သင်ယူဆည်းပူးနေသူတို့သာ ထိုအရာမှကင်းလွတ်၏။

فوائد الحديث

၁။ ဒွန်ယာလောကအား ကျိန်ဆဲခွင့်လုံးဝမရှိပေ။ အကြောင်းမှာ ထိုသို့ကျိန်ဆဲခြင်းအား တားမြစ်ထားသော ဟဒီးစ်တော်များ ရှိသောကြောင့်ဖြစ်သည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံမှ ဝေးကွာစေပြီး အရှင်မြတ်၏ အမိန့်တော်ကိုနာခံခြင်းမှ ကင်းကွာစေသော လောကီမှ အချို့အရာများကိုမူ ကျိန်ဆဲခွင့်ရှိသည်။

၂။ ဒွန်ယာလောက၌ အရာခပ်သိမ်းသည် ကစားခြင်းနှင့် ပျော်ပါးခြင်းမျှသာဖြစ်သည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းနှင့် ထိုသို့သတိရခြင်းအတွက် အကြောင်းတရားနှင့် အထောက်အပံ့ဖြစ်စေသောအရာများမှာမူ ထိုအချက်မှကင်းလွတ်၏။

၃။ သာသနာ့ပညာ၊ သာသနာ့ပညာရှင်များနှင့် သာသနာ့ပညာကို ရှာဖွေဆည်းပူးနေသူများ၏ အဆင့်အတန်းကို တင်ပြထားခြင်း။

၄။ ရှိက်ခွလ်အစ္စလာမ် အိဗ်နုသိုင်မိယဟ် ကမိန့်ကြားသည်- ဤလောကမှ ပြစ်တင်ဝေဖန်ခြင်းခံရသောအရာမှာ ၎င်း၏သင့်လျော်သောနေရာ၌မဟုတ်ဘဲ အသုံးပြုသော ဟရာမ်တားမြစ်ထားသောအရာ၊ သို့မဟုတ် ပိုင်ဆိုင်မှုများ ပေါများခြင်းနှင့် ဂုဏ်ယူဝင့်ကြွားခြင်း၊ သို့မဟုတ် ပြိုင်ဆိုင်ဂုဏ်ယူခြင်းနှင့် အချေ အတင်ငြင်းခုံခြင်းတို့အတွက် ရည်ရွယ်သော ဟလာလ်ခွင့်ပြုသောအရာဖြစ်သည်။ ဤသည်မှာ ဉာဏ်ပညာရှင်များထံတွင် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးအရာဖြစ်သည်။

التصنيفات

လောကီချစ်စိတ်ကို ရှုံ့ချခြင်း။