ထိုအခါ ကိုယ်တော်က ‘ငါကိုယ်တော်နှင့် ဤဒွန်ယာလောက မည်သို့ဆက်စပ်မှုရှိသနည်း၊ ငါကိုယ်‌ တော်သည် ဤဒွန်ယာလောက၌…

ထိုအခါ ကိုယ်တော်က ‘ငါကိုယ်တော်နှင့် ဤဒွန်ယာလောက မည်သို့ဆက်စပ်မှုရှိသနည်း၊ ငါကိုယ်‌ တော်သည် ဤဒွန်ယာလောက၌ အရိပ်ရရန် သစ်ပင်အောက်တွင် ခိုလှုံပြီး ထို့နောက် ထွက်ခွာသွားသော စီးနင်းသူ (ခရီးသည်) တစ်ဦးမျှသာ ဖြစ်သည်’ ဟု မိန့်တော်မူ၏။”

အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်ပြောကြားသည်- “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖျာတစ်ချပ်ပေါ်တွင် အိပ်စက်တော်မူခဲ့သည်။ ထို့နောက် နိုးထတော်မူသောအခါ ဖျာ၏အရာသည် ကိုယ်တော်၏ နံဘေးတွင် ကျန်ရစ်နေခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က ‘အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော့်အတွက် ကျွန်တော်မျိုးတို့ အိပ်ရာတစ်ခု ပြု လုပ်ပေးပါရစေ’ ဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်က ‘ငါကိုယ်တော်နှင့် ဤဒွန်ယာလောက မည်သို့ဆက်စပ်မှုရှိသနည်း၊ ငါကိုယ်‌ တော်သည် ဤဒွန်ယာလောက၌ အရိပ်ရရန် သစ်ပင်အောက်တွင် ခိုလှုံပြီး ထို့နောက် ထွက်ခွာသွားသော စီးနင်းသူ (ခရီးသည်) တစ်ဦးမျှသာ ဖြစ်သည်’ ဟု မိန့်တော်မူ၏။”

[صحيح] [رواه الترمذي وابن ماجه]

الشرح

အဗ်ဒုလ္လာဟ် ဗင်န် မတ်စ်အူးဒ် (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အပင်(သို့) မြက်အချို့ဖြင့် ရက်လုပ်ထားသော ဖျာငယ်တစ်ချပ်ပေါ်တွင် အိပ်စက်တော်မူခဲ့သည်။ ထို့နောက် နိုးထတော်မူသောအခါ ဖျာ၏အရာသည် ကိုယ်တော်၏ နံဘေးတွင် ကျန်ရစ်နေခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့က လျှောက်ထားခဲ့ကြသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ ကိုယ်တော့်အတွက် ဤကြမ်းတမ်းသော ဖျာပေါ်တွင် အိပ်စက်ခြင်းထက် ပိုမိုကောင်းမွန်သည့်နူးညံ့ပျော့ပျောင်းသော အိပ်ယာခင်းတစ်ခုကို ပြုလုပ်ပေးပါရ‌စေ။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ငါကိုယ်တော်၌ လောကီကို ချစ်ခင်တွယ်တာခြင်းနှင့် ရင်းနှီးကျွမ်းဝင်လိုခြင်းမရှိ‌သောကြောင့် ယင်းအား လိုလားတပ်မက်ခြင်းမရှိပေ။ ထို့ကြောင့် ဒွန်ယာလောက၌ ငါကိုယ်တော်၏တည်ရှိနေခြင်း၏ ဥပမာသည် အရိပ်ရသော သစ်ပင်တစ်ပင်အောက်တွင် ခေတ္တနားပြီး ထွက်ခွာသွားသော ခရီးသည်တစ်ဦးကဲ့သို့သာ ဖြစ်၏။

التصنيفات

လောကီချစ်စိတ်ကို ရှုံ့ချခြင်း။, စိတ်နှလုံးသားများကို ပြုပြင်ခြင်း။