မုအ်မင်န်ယုံကြည်သူသည် မတရားသတ်ဖြတ်ခြင်းကို မကျူးလွန်သရွေ့ မိမိသာသနာ၏ ကျယ်ပြန့်မှု အတွင်း၌…

မုအ်မင်န်ယုံကြည်သူသည် မတရားသတ်ဖြတ်ခြင်းကို မကျူးလွန်သရွေ့ မိမိသာသနာ၏ ကျယ်ပြန့်မှု အတွင်း၌ အမြဲတမ်း ရှိနေမည်ဖြစ်သည်။

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ "မုအ်မင်န်ယုံကြည်သူသည် မတရားသတ်ဖြတ်ခြင်းကို မကျူးလွန်သရွေ့ မိမိသာသနာ၏ ကျယ်ပြန့်မှု အတွင်း၌ အမြဲတမ်း ရှိနေမည်ဖြစ်သည်။"

[صحيح] [رواه البخاري]

الشرح

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်– ယုံကြည်သူသည် မိမိ၏ကောင်းမှုကုသိုလ်များ၏ ကျယ်ဝန်းမှု၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ခွင့်လွှတ်တော်မူခြင်းတို့ကို မျှော်လင့်ရသော အခြေအနေတွင် ရှိနေသည်ဟု မိန့်ကြားခဲ့သည်။ သို့သော် သတ်ဖြတ်ခြင်း ဟရာမ်ဖြစ်သော လူသားတစ်ဦးကို သတ်မိပါက ၎င်း၏ကောင်းမှုများသည် ကျဉ်းမြောင်းသွားကာ လူသတ်မှု၏ကြီးမားသောအပြစ်ကို မဖုံးလွှမ်းနိုင်တော့ပေ။

فوائد الحديث

အကြောင်းမရှိဘဲ သတ်ဖြတ်ခြင်းနှင့် တမင်ရည်ရွယ်၍ သတ်ဖြတ်ခြင်း၏ ပြစ်မှုကြီးမားပုံကို ဖော်ပြထားပြီး၊ ထိုသို့ပြုလုပ်ခြင်းသည် မုအ်မင်န်ယုံကြည်သူအား သာသနာ၏ ကျယ်ဝန်းမှုမှ ကျဉ်းမြောင်းမှုသို့ ရောက်သွားစေသည်။

ဟရာမ်ဖြစ်သော သွေးများ (သတ်ဖြတ်ခြင်း ဟရာမ်ဖြစ်သော လူများ) – လေးမျိုးရှိပေသည်။ ၁။ မွတ်စ်လင်မ်တစ်ဦး၏ သွေး – အကြီးမြတ်ဆုံးဖြစ်သည်။ ၂။ ဇင်မ္မီ၏ သွေး – ၎င်းတို့မှာ အစ္စလာမ်နိုင်ငံတွင်း၌ ဂျစ်ဇ်ယဟ်(အခွန်)ပေးဆောင်ကာ မိမိတို့ဘာသာတရားအတိုင်း နေထိုင်ခွင့်ရသော ဂျူးနှင့် ခရစ်ယာန်များဖြစ်ပြီး၊ အစ္စလာမ်၏ စီရင်ထုံးများကို လက်ခံထားကြရသည်။ ၃။ မုအာဟဒ်၏ သွေး – ၎င်းတို့မှာ မိမိတို့နိုင်ငံ၌ရှိသော ကာဖိရ်များဖြစ်ပြီး၊ ကျွန်ုပ်တို့နှင့် စစ်မဖြစ်ရန်၊ အပြန်အလှန်မတိုက်ခိုက်ရန် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားသူများဖြစ်သည်။ ၄။ မွတ်စ်သအ်မင်န်၏ သွေး – ၎င်းတို့မှာ ကျွန်ုပ်တို့နှင့် အာမခံချက်လည်းမရှိ၊ စာချုပ်လည်းမရှိသော စစ်ဘက်ဆိုင်ရာ ကာဖိရ်များဖြစ်သော်လည်း၊ အုပ်ချုပ်သူမင်း သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များထံမှ သတ်မှတ်ကာလအတွင်း အစ္စလာမ်နိုင်ငံသို့ ဝင်ရောက်ခွင့် လုံခြုံရေးပေးထားသူများဖြစ်သည်။

التصنيفات

ရာဇ၀တ်မှုများ။