إعدادات العرض
မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရန်အတွက် သင်ယူအပ်သော သာသနာ့ပညာကို လောကီ၏…
မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရန်အတွက် သင်ယူအပ်သော သာသနာ့ပညာကို လောကီ၏ အကျိုးအမြတ်ကို ရရှိရန်အတွက်သာ သင်ယူခဲ့လျှင်၊ ထိုသူသည် ကိယာမသ်နေ့တွင် ဂျန္နတ်သုခဘုံ၏ အနံ့ကိုပင် ရရှိလိမ့်မည် မဟုတ်ပေ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရန်အတွက် သင်ယူအပ်သော သာသနာ့ပညာကို လောကီ၏ အကျိုးအမြတ်ကို ရရှိရန်အတွက်သာ သင်ယူခဲ့လျှင်၊ ထိုသူသည် ကိယာမသ်နေ့တွင် ဂျန္နတ်သုခဘုံ၏ အနံ့ကိုပင် ရရှိလိမ့်မည် မဟုတ်ပေ။ " ဆိုလိုသည်မှာ ဂျန္နတ်၏ သင်းပျံ့သောရနံ့ကိုပင် ရရှိမည်မဟုတ်ပေ။
الترجمة
العربية Bosanski English فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी Español Kurdî Tiếng Việt Magyar ქართული සිංහල Kiswahili Română অসমীয়া ไทย Hausa Português मराठी دری አማርኛ বাংলা ភាសាខ្មែរ Nederlands Македонски ગુજરાતી ਪੰਜਾਬੀ Tagalog മലയാളം ಕನ್ನಡ తెలుగు پښتوالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို မူလအားဖြင့် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရရှိရန်အတွက်သာ ရည်ရွယ်၍ သင်ယူအပ်သည့် သာသနာ့ပညာရပ်ကို ဤဘဝလောကမှ ရုပ်ဝတ္ထုပစ္စည်း၊ ငွေကြေး၊ ဂုဏ်သိက္ခာ စသည့် အကျိုးအမြတ်တစ်ခုခုကို ရရှိရန်အတွက်သာ သင်ယူခဲ့လျှင်၊ ထိုသူသည် ကိယာမသ်နေ့တွင် ဂျန္နတ်သုခဘုံ၏ အနံ့ကိုပင် ရရှိမည်မဟုတ်ပေ။فوائد الحديث
၁။ သာသနာ့ပညာကို သင်ယူဆည်းပူးရာတွင် အိခ်လားစ်ွ (အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်ရန်အတွက်သာ သီးသန့်ရည်ရွယ်၍ပြုလုပ်ခြင်း) ရှိရန်အရေးကြီးပြီး၊ ထိုသို့ပြုရန် တိုက်တွန်းထားခြင်း။
၂။ သာသနာ့ပညာရပ်ကို ပြစားရန်အတွက်လည်းကောင်း၊ လောကီအကျိုးအမြတ်အတွက် အစီးအနင်း(အသုံးချခံ)အနေဖြင့် သင်ယူဆည်းပူးခြင်းမှ ပြင်းပြင်းထန်ထန် သတိပေးထားပြီး၊ ၎င်းသည် အလွန်ကြီးလေးသောအပြစ်အကုသိုလ်များထဲမှ တစ်ခုသည်။
၃။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှစ်သက်မှုအတွက်သာ သာသနာ့ပညာကိုသင်ယူဆည်းပူးပြီး ထိုသို့သင်ယူရာမှ လောကီအကျိုးအမြတ် (ငွေကြေး၊ ရာထူး စသည်) က သူ့ထံ အလိုလိုရောက်ရှိလာပါက၊ ထိုအကျိုးအမြတ်ကို ရယူနိုင်ပြီး၊ ထိုသို့ရယူခြင်းသည် သူ့အတွက် ဘေးအန္တရာယ် မဖြစ်စေနိုင်ပေ။
၄။ အိမာမ်ဆင်န်ဒီက ရှင်းပြထားသည်မှာ - “အရ်ဖလ်ဂျန္နဟ်” ဟူသော မိန့်ကြားချက်သည် ဂျန္နသ်၏ အနံ့အသက် ဟုအဓိပ္ပါယ်ရပြီး ထိုသူအား ဂျန္နသ်သို့ ဝင်ရောက်ခွင့် တားမြစ်ထားကြောင်းကို ပိုမိုလေးနက်စေရန်အတွက် (သုံးထားခြင်း) ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ရာ၏ အနံ့အသက်ကိုမျှပင် မရရှိသူသည် ထိုအရာကို မည်သို့မျှ ခံစားရမည် မဟုတ်သောကြောင့်ဖြစ်သည်။
၅။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရရှိရန်အတွက် သင်ယူသင့်သည့် သာသနာ့ပညာကို အလုပ်အကိုင်အတွက်သော်လည်းကောင်း၊ အခြားသော လောကီအကျိုးများအတွက်သော်လည်း ကောင်း သင်ယူမိခဲ့ပါက၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ထံ ထိုလုပ်ရပ်မှ သောင်ဗဟ်ပြုလုပ်ရန်အရေးကြီးသည်။ အလ္လာဟ်အရှင်မြတ်သည် အလွန်ကျေးဇူးပြုတော်မူသောအရှင်၊ ကြီးမြတ်တော်မူသောအရှင်ဖြစ်တော်မူပြီး မကောင်းသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ၎င်း၏အပြစ်များကို မုချခွင့်လွှတ်တော်မူမည်ဖြစ်သည်။
၆။ ဤသတိပေး ချက်သည် "သာသနာ့ပညာရပ်" ကို သင်ယူသူများအတွက်သာ ဖြစ်သည်။ သို့ရာတွင် မည်သူမဆို လောကီအကျိုးအမြတ်အတွက် အင်ဂျင်နီယာပညာ၊ ဓာတုဗေဒပညာ စသည့် လောကီပညာရပ်များကို သင်ယူလျှင် ထိုသူ့အဖို့ မိမိ၏ ယင်းရည်ရွယ်ချက်ဖြင့် (ပညာသင်ယူခြင်းကို) ခွင့်ပြုထားသည်။ (ထိုသို့ သင်ယူခြင်းသည် အပြစ်မဟုတ်ပါ)။
