إعدادات العرض
“ မည်သူမဆို ပြစ်ဒဏ်ခံထိုက်သော အပြစ်တစ်ခုခုကို ကျူးလွန်မိပြီး၊ ထိုအပြစ်အတွက် ဤလောက၌ပင်…
“ မည်သူမဆို ပြစ်ဒဏ်ခံထိုက်သော အပြစ်တစ်ခုခုကို ကျူးလွန်မိပြီး၊ ထိုအပြစ်အတွက် ဤလောက၌ပင် ပြစ်ဒဏ်စီရင်ခြင်းကို အမြန်ဆုံးခံရ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်အပေါ် နောင်တမလွန်ဘဝ၌ ပြစ်ဒဏ်စီရင်ခြင်းကို နောက်တစ်ကြိမ်ထပ်မံပြုလုပ်တော်မူမည် မဟုတ်ပေ
အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ မည်သူမဆို ပြစ်ဒဏ်ခံထိုက်သော အပြစ်တစ်ခုခုကို ကျူးလွန်မိပြီး၊ ထိုအပြစ်အတွက် ဤလောက၌ပင် ပြစ်ဒဏ်စီရင်ခြင်းကို အမြန်ဆုံးခံရ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်အပေါ် နောင်တမလွန်ဘဝ၌ ပြစ်ဒဏ်စီရင်ခြင်းကို နောက်တစ်ကြိမ်ထပ်မံပြုလုပ်တော်မူမည် မဟုတ်ပေ။ အကြောင်းမှာ အရှင်မြတ်သည် အလွန်တရားမျှတတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့ပြင် မည်သူမဆို ပြစ်ဒဏ်ခံထိုက်သော အပြစ်တစ်ခုခုကို ကျူးလွန်မိသော်လည်း၊ အလ္လာဟ်အရှင်မြတ်က ၎င်းအပြစ်ကို ဖုံးကွယ်ပေးတော်မူပြီး ခွင့်လွှတ်တော်မူ၏။ ထိုအခါ အရှင်မြတ်သည် မိမိခွင့်လွှတ်ပြီးသော အရာတစ်ခုကို ပြန်၍အပြစ်ပေးတော်မူမည် မဟုတ်ပေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အလွန်ရက်ရောတော်မူသောအရှင် ဖြစ်တော်မူ၏။”
الترجمة
العربية Tiếng Việt Indonesia Nederlands Kiswahili অসমীয়া English ગુજરાતી සිංහල Magyar ქართული Hausa Română ไทย Português मराठी ភាសាខ្មែរ دری አማርኛ বাংলা Kurdî Македонски Tagalog తెలుగు Українська ਪੰਜਾਬੀ മലയാളം Moore پښتو ಕನ್ನಡ Türkçe Bosanski हिन्दी فارسی Српски Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်– ဇိနာနှင့် ခိုးမှုကဲ့သို့သော ရှရီအသ်တရားတော်၌ ပြစ်ဒဏ်ကျခံရမည့် အပြစ်များကို ကျူးလွန်သူသည် ဤလောက၌ ထိုပြစ်ဒဏ်ကို ခံယူပြီးပါက ယင်းပြစ်ဒဏ်သည် ထိုအပြစ်ကို ဖျက်ပစ်ပြီး နောင်တမလွန်ဘဝ၌ ထိုအပြစ်၏ အပြစ်ဒဏ်ကိုလည်း ပပျောက်စေသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အလွန်ရက်ရောတော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် မိမိ၏ကျွန်အပေါ်၌ ပြစ်ဒဏ်နှစ်မျိုးကို စုပေါင်းပေးအပ်တော်မူမည်မဟုတ်ပေ။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်က ဤလောက၌ ဖုံးကွယ်တော်မူခဲ့ပြီး (သူ၏အပြစ်ကို ဖော်ထုတ်တော်မမူဘဲ) ထိုအပြစ်အတွက် ပြစ်ဒဏ်မပေးဘဲ ခွင့်လွှတ်တော်မူခဲ့လျှင်၊ အရှင်မြတ်သည် အလွန်ရက်ရောတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် အလ္လာဟ်အရှင်မြတ်သည်လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ခွင့်လွှတ်ပြီးတော်မူခဲ့သော ထိုအပြစ်အတွက် ပြန်လည်ပြစ်ဒဏ်ပေးမည် မဟုတ်ပေ။فوائد الحديث
အလ္လာဟ်အရှင်မြတ်၏ တရားမျှတတော်မူခြင်း၊ ရက်ရောမှုနှင့် ကရုဏာတော်သည် အလွန်ကြီးကျယ်လှကြောင်း ဖော်ပြထား၏။
ဤလောက၌ ပြစ်ဒဏ်ကို ချမှတ်ခြင်းသည် အပြစ်များကို ဖြေဖျောက်ပေးနိုင်သည်။
မည်သူမဆို ပြစ်ဒဏ် သတ်မှတ်ခံထားရသည့် အပြစ်တစ်ခုခုသို့ ကျရောက်ခဲ့ပါက မိမိကိုယ်ကို အရှင်မြတ်၏ ဖုံးကွယ်တော်မူခြင်းဖြင့် ဖုံးကွယ်ထားသင့်ပြီး စစ်မှန်သော သောင်ဗဟ်ပြုလုပ်ရန် အမြန်ဆုံး ကြိုးပမ်းသင့်ပေသည်။
التصنيفات
ပြစ်ဒဏ်များ။