ပြစ်ဒဏ်များ။

ပြစ်ဒဏ်များ။

1- ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ( အသင်တို့အဖို့ ) တာဝန်တစ်ချို့ကို သတ်မှတ်ပြဋ္ဌာန်းထားတော်မူပါသည်။ သို့ဖြစ်ရာ ထိုတာဝန်များကို မမေ့မလျော့ဘဲ ဆောင်ရွက်ပါ‌လေ။ ထို့အပြင်အရှင်မြတ်သည် စည်း‌မျဥ်းတစ်ချို့ကို ချမှတ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုစည်းမျဥ်းစည်း‌ဘောင်များကို မချိုးဖောက်ကြနှင့်။ အလားတူပင်အရှင်မြတ်သည် တစ်ချို့အရာများကို ဟရာမ်ဟု တားမြစ်ထားတော်မူပါသည်။ သို့ဖြစ်၍ ထိုတားမြစ်ချက်များကို မချိုးဖောက်ကြနှင့်။ ထို့ပြင် အရှင်မြတ်သည် တစ်ချို့အရာများနှင့်ပတ်သက်၍ မေ့လျော့၍ မဟုတ်ဘဲ အသင်တို့အား သနားကရုဏာထားသောအနေဖြင့် တိတ်တဆိတ်နေတော်မူခဲ့ပါသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများနှင့် ပတ်သတ်၍ စူးစမ်းရှာ‌ ဖွေခြင်း မပြုကြနှင့်။