إعدادات العرض
တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ်ဆယ်ချက်ထက်ပို၍ မရိုက်ရပါ။ သို့ရာ…
တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ်ဆယ်ချက်ထက်ပို၍ မရိုက်ရပါ။ သို့ရာ တွင် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသောပြစ်ဒဏ်များထဲမှပြစ်ဒဏ်တစ်ခုခုအတွက်မူ ရိုက်ခွင့်ရှိသည်။
အဗူဗုရ်ဒဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ "တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ်ဆယ်ချက်ထက်ပို၍ မရိုက်ရပါ။ သို့ရာ တွင် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသောပြစ်ဒဏ်များထဲမှပြစ်ဒဏ်တစ်ခုခုအတွက်မူ ရိုက်ခွင့်ရှိသည်။"
الترجمة
العربية Bosanski English Español فارسی Français Indonesia Русский Türkçe اردو 中文 हिन्दी Hausa Português മലയാളം Kurdî Tiếng Việt অসমীয়া Kiswahili Nederlands ગુજરાતી සිංහල Magyar ქართული Română ไทย తెలుగు मराठी دری አማርኛ বাংলা Malagasy Македонски Tagalog Українська ភាសាខ្មែរ ਪੰਜਾਬੀ پښتو Svenska Wolof Moore ಕನ್ನಡ தமிழ் Српски Shqipالشرح
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် တစ်ဦးတစ်ယောက်ကိုမျှ ကြိမ်ဒဏ် ဆယ်ချက်ထက်ပိုမို၍ မရိုက်ရန် တားမြစ်တော်မူခဲ့သည်။ သို့ရာတွင် ပြစ်မှုများအတွက်မူ ရိုက်ခွင့်ရှိသည်။ ဆိုလိုသည်မှာ ရှရီအဟ်ဥပဒေတွင် သတ်မှတ်ထားသော ဒဏ်ရိုက်ချက်အရေအတွက်ရှိသည့် ဒဏ်ခတ်မှု၊ ရိုက်နှက်မှု သို့မဟုတ် အပြစ်ဒဏ်မျိုးကို ရည်ညွှန်းခြင်းမဟုတ်ဘဲ စည်းကမ်းဖောက်ဖျက်မှုအတွက်ဆုံးမသည့်အနေဖြင့်ရိုက်ခြင်းတွင် ဆယ်ချက်ထက် မပိုစေရဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာ - ဇနီးသည်ကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ ဆုံးမရာတွင် ရိုက်ခြင်းဖြစ်သည်။فوائد الحديث
အလ္လာဟ်အရှင်မြတ် အမိန့်ပေးတော်မူခဲ့သော သို့မဟုတ် တားမြစ်တော်မူခဲ့သော စည်းမျဉ်း ဥပဒေ ပညတ်ချက်များအတွက် ၎င်းအားကျူးလွန် ဖောက်ဖျက်ခြင်း မှ တားဆီးကာကွယ်နိုင်သော အပြစ် ဒဏ်များ ရှိသည်။ ထိုပြစ်ဒဏ်များကို ရှရီအသ်တရားတော်က သတ်မှတ်ပြဌာန်းပေးခဲ့သည်၊ သို့မဟုတ် ၎င်းတို့ကို သတ်မှတ်ပိုင်ခွင့်သည် အုပ်ချုပ်သူက သင့်တော်သည်ဟု ယူဆသော အကျိုးအမြတ်အပေါ် မူတည်၍ ဆုံးဖြတ်ရသည်။
ဆုံးမခြင်းသည် လမ်းညွှန်မှုနှင့် ထို့ကြောင့် လိုအပ်ပါက ဆယ်ချက်ထက် မပိုစေရ။ သို့သော် ပိုမိုကောင်းမွန်သောနည်းလမ်းမှာ ရိုက်နှက်ခြင်းမပြုဘဲ လမ်းညွှန်ခြင်း၊ သွန်သင်ခြင်း၊ အကြံပေးခြင်းနှင့် စိတ်ဆန္ဒဖြစ်ပေါ်စေခြင်းတို့ဖြင့် ဆုံးမခြင်းပင်ဖြစ်သည်။ ယင်းသည် ပိုမိုလက်ခံနိုင်စွမ်းရှိပြီး သင်ကြားရာတွင် နူးညံ့သိမ်မွေ့မှုရှိသည်။ ဆုံးမပဲ့ပြင်ခြင်းသည် လမ်းညွှန်မှုနှင့် ခြိမ်းခြောက်မှုအဆင့်အထိသာ ပျော့ပျောင်းစွာ ပြုလုပ်ရမည်။ထို့ကြောင့် လိုအပ်ပါက ရိုက်၍ဒဏ်ပေးခြင်းကို ဆယ်ချက်ထက် မပိုစေရ။ သို့သော် ပိုမိုကောင်းမွန်သောနည်းလမ်းမှာ ရိုက်နှက်ခြင်းမပြုဘဲ လမ်းညွှန်ခြင်း၊ သင်ကြားခြင်း၊ အကြံပေးခြင်းနှင့် စိတ်ပါဝင်စားအောင်လှုံ့ဆော်ခြင်းဖြင့် ဆုံးမခြင်းဖြစ်သည်။ ယင်းသည် လက်ခံနိုင်စွမ်းနှင့် သင်ကြားရေးတွင် နူးညံ့သိမ်မွေ့မှုကို ပိုမိုဖြစ်ပေါ်စေသည်။ ဤနေရာတွင် အခြေအနေများမှာ အလွန်ကွဲပြားနိုင်သောကြောင့် အသင့်တော်ဆုံးနှင့် အကျိုးရှိဆုံးကို ပြုလုပ်သင့်သည်။
