အီမာန်ယုံကြည်မှု၏ အကိုင်းအလက်များ။

အီမာန်ယုံကြည်မှု၏ အကိုင်းအလက်များ။

2- သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။

3- အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။

4- ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။