စိတ်နှလုံးသား၏ အမလ်ကျင့်ဆောင်မှုများ။

စိတ်နှလုံးသား၏ အမလ်ကျင့်ဆောင်မှုများ။

2- ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။

16- “မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာဟ်အရှင်မြတ် အမိန့်ပေးတော်မူသည့်အတိုင်း- {إِنَّا لِلهِ وَإِنَّا إِلَيْهِ رَاجِعُونَ} (အကယ်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်ကြပြီး ဧကန်အမှန် အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပါသည်။) (စူရဟ် အလ်ဘကရဟ်၊ ၂:၁၅၆) ဟုရွတ်ဆိုကာ، ‘အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ဤဘေးဒုက္ခတွင် အကျိုးဆုလာဘ် ပေးသနားတော်မူပါ။ ၎င်းဘေးအစား ကျွန်တော်မျိုးအား ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးသနားတော်မူပါ’”ဟု တောင်းဆုဒုအာပြုလျှင်، ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးတော်မူသည်။