ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။ - الصفحة 4

ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။ - الصفحة 4

1- သင်တို့အနက် မည်သူမျှ (ဤသို့)ဒုအာဆုတောင်းခြင်း မပြုကြနှင့်၊ 'အိုအလ္လာဟ်အရှင်မြတ် အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ပေးသနားတော်မူပါ'။ သို့သော် မိမိ၏ဆုတောင်းချက်ကို ပြတ်ပြတ်သားသား (ယုံကြည်စိတ်ချစွာ) တောင်းဆိုကြလေကုန်။ အကြောင်းမှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုရှိရာကိုသာ ပြုလုပ်တော်မူပြီး၊ အရှင့်အား အတင်းအကြပ် ပြုလုပ်နိုင်သူ (မည်သူမျှ) မရှိပေ။

2- အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် ၎င်း၏ ရှေ့မှောက်တွင် ငါကိုယ်တော့်အား ဖော်ပြခံရသော်လည်း ငါကိုယ်‌တော့်အပေါ် ဆွလာသ် မပို့သခဲ့ ပေ။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် လမြတ်ရမဿွာန်နှင့် ကြုံကြိုက်ပါလျက် ခွင့်လွှတ်ခြင်းမခံရခင်အလျှင် ထိုလမြတ်သည် ကုန်လွန်သွားခဲ့သည်။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သုခဘုံသို့ မဝင်ရောက်စေနိုင်ခဲ့ပေ။

7- ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းဖြင့် ပြုလုပ်ထားသည့် ရွက်ဖျင်တဲကြီး တစ်ခုရှိမည်။ ၎င်း၏အလျားမှာ မိုင်(၆၀) ရှည်လျားသည်။ ထို ရွက်ဖျင်တဲအတွင်း၌ မုအ်မင်န်ယုံကြည်သူအတွက် ဇနီးများရှိကြပြီး မုအ်မင်န်ယုံကြည်သူသည် သူတို့ထံ လှည့်လည်သွားလာနေသော်လည်း ၎င်းတို့အချင်းချင်း အပြန်အလှန်မြင်ကြရမည်မဟုတ်ပေ။

15- “မည်သူမဆို ‘رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَّسُولًا’ (အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသော်အရှင် အဖြစ်လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ်လည်း‌ ကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ရစူလ်တမန်တော်အဖြစ်လည်းကောင်း ကျွန်တော်မျိုး ကျေနပ်နှစ်သက်လက်ခံပါပြီ) ဟု ရွတ်ဆိုခဲ့လျှင် ထိုသူအတွက် ဂျန္နတ်သုခဘုံ ဝင်ခွင့် သေချာသွားပေသည်။”