ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။ - الصفحة 2

ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။ - الصفحة 2

2- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံတွင် တစ်ဦးသောသူ၏ အကြောင်း တင်ပြခဲ့ကြသည်။ သူသည် ညဉ့်အချိန်အိပ်၍ မိုးသောက်သည်အထိ ဆက်အိပ်နေခဲ့သည်။ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ - “ထိုသူသည် ရှိုင်တွာန်က သူ၏ နားနှစ်ဖက်တွင် ဆီးသွားခဲ့သူ ဖြစ်သည်။” (သို့မဟုတ်) “သူ၏ နားအတွင်းသို့ ဆီးသွားခဲ့သူ ဖြစ်သည်” ဟု မိန့်တော်မူခဲ့သည်။

4- “အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း

14- လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်‌သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။

26- မည်သူမဆိုလက်ထပ်နိုင်စွမ်းရှိပါက လက်ထပ်ထိမ်းမြားလိုက်ပါ။ အဘယ်ကြောင့်ဆိုသော နိကာဟ် ထိမ်းမြားခြင်းသည် မျက်လွှာကို (ဟရာမ်တားမြစ်ထားသည့်အရာများမှ) အလွန်ပင်ထိန်းသိန်း ပေးသည်။ အရှက်အင်္ဂါကို (မကောင်းမှုမှ) အလွန်ပင်ထိန်းသိမ်းပေးသည်။ လက်ထပ်နိုင်စွမ်းမရှိသူသည် ဆောင်မ် ဥပုသ်စောင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆောင်မ် ဥပုသ်စောင့်ခြင်းသည် ရာဂစိတ်ထကြွမှုကိုလျော့ကျစေသည်။

27- အသင်တို့ သူစိမ်းအမျိုးသမီးများထံ ဝင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ကြလော့။ ထိုအခါ အန်စွာရီ စွဟာဗီတစ်ပါးက လျှောက်ထားမေးမြန်းသည်မှာ - အို အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်၊ ခင်ပွန်းရဲ့သားချင်း (ညီ၊ အစ်ကို) များနှင့်ပတ်သတ်၍ ကိုယ်တော် မည်သို့ မိန့်ကြားတော်မူပါမည်နည်း။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်တော်မူသည်။ ခင်ပွန်းရဲ့သားချင်းများဟာ သေခြင်းတရား ပင်ဖြစ်သည်။ (တစ်နည်း သေတာထက်ပင် ပိုအန္တရာယ်ကြီးသည်ကို ဆိုလိုခြင်းဖြစ်သည်။)

28- ငွေကို ရွှေဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ဂျုံကို ဂျုံဖြင့် လဲလှယ် ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ မုယောစပါးကို မုယောစပါးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။ စွန်ပလွံသီးကို စွန်ပလွံသီးဖြင့် လဲလှယ်ရောင်းချခြင်းသည် အတိုးဖြစ်သည်။ သို့ရာတွင် (ဆတူဖြစ်ပါက) ချက်ချင်းလက်ငင်း ဖလှယ်ခြင်းဖြစ်လျှင် အတိုးမဖြစ်ပေ။

29- သင့် ကိုယ်ခန္ဓာ၏ နာကျင်ကိုက်ခဲနေသော နေရာပေါ်သို့ သင်၏လက်ကို ထားလော့။ ထို့နောက် သုံးကြိမ် 'ဗိစ်မိလ္လာဟ်' ( بِاسْمِ اللهِ )ရွတ်ဆိုပါ။ ထို့နောက် ခုနစ်ကြိမ် (أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ) 'အအူဇုဘိလ္လာဟိ ဝကုဒ်ရသိဟီ မင်န်ရှရ်ရိ မာအဂျိဒု ဝအုဟာဇိရု' (ကျွန်တော်မျိုးခံစားနေရပြီး စိုးရိမ်ကြောင့်ကြနေသော အရာ၏ ဘေးရန်မှ အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် ခိုလှုံပါ၏) ဟု ရွတ်ဆိုပါ ။

32- မည်သည့် မွတ်စ်လင်မ်မဆို ၎င်းထံ ဖရ်ဿွ် ဆွလာသ်ဝတ်ပြုချိန် ကျရောက်လာသည့်အခါ ၎င်းအနေဖြင့် ထိုဆွလာသ်အတွက် ဝူဿွူရေသန့်စင်ခြင်း၊ (ဆွလာသ်အတွင်း) ခူရှူအ် ကျိုးနွံခြင်းနှင့် ရူကူအ် ဦးညွှတ်ခြင်းတို့ကို ကောင်းမွန် ကျနစွာပြုလုပ်မည်ဆိုလျှင် အပြစ်အကုသိုလ်ကြီးများကို မကျူးလွန်သရွေ့ ထိုဆွလာသ်သည် ယင်းမတိုင်မီက ပြုလုပ်ခဲ့သော အပြစ်များကို ပလပ်စေမည့် ကဖ္ဖာရဟ်ပင်ဖြစ်သည်။ ထို့ပြင် ယင်းအကျိုးကျေးဇူးသည် အမြဲပင်ဖြစ်၏။

34- အကြင်သူသည် မုအဇ္ဇင်န် အဇာန်ပေးသောသူ၏အဇာန်အသံကို ကြားသောအခါ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا ကို ရွတ်ဆိုခဲ့ပါက အလ္လာဟ်ရှင်မြတ်သည် သူ၏အကုသိုလ်များကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူမည်ဖြစ်သည်။ ဒုအာ၏အဓိပ္ပာယ်မှာ - တစ်ပါးတည်းဖြစ်တော်မူသော၊ ဖက်စပ်ယှဉ်တွဲခြင်းကင်းသော အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့်ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်အား မွေးမြူဖန်ဆင်း မွေးမြူတော်မူသောအရှင်အဖြစ်၊ တမန်တော်မုဟမ္မဒ်ကို ရစူလ်တမန်တော်အဖြစ်၊ အစ္စလာမ်သာသနာ တော်ကို ဘာသာတရားအဖြစ် ကျွန်တော်မျိုးကျေနပ်နှစ်သက်လက်ခံပါ၏။

40- လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီး‌နောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။

42- တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်

43- သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)

44- အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ

50- မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်‌ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွား‌လေသည်။

52- လူတွေရဲ့အခြေအနေဟာ မည်သို့ဖြစ်သွားကြသနည်း။ သူတို့ဟာ မိမိတို့ရဲ့ဆွလာသ်ဝတ်ပြုမှုအတွင်း မျက်လုံးတွေကို မိုးကောင်းကင်ဘက်သို့ မော့ကြည့်နေကြသည်။" ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိန့်ကြားချက်မှာ အလွန်ပြင်းထန်ခဲ့ပြီး၊ နောက်ဆုံး ကိုယ်တော်သည် (ဤမျှထိပင်ပြင်းထန်စွာ) မိန့်တော်မူသည်။ " ၎င်းတို့သည် ထိုအပြုအမူမှ သေချာပေါက် ရှောင်ကြဉ်ရမည်။ သို့မဟုတ်ပါက သူတို့၏ အမြင်အာရုံများကို သုတ်ယူသွားခြင်း (မျက်စိများကန်းသွားကျလိမ့်မည်) ခံရလိမ့်မည်။

54- ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ဆွလာတ်ဝတ်ပြုခဲ့ပါသည်။ ကိုယ်‌ တော်သည် မိမိညာဘက်သို့ "السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှု၊ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ ကျရောက်ပါစေ) ဟုပြောကာ ဘယ်ဘက်သို့ " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှုနှင့် ကရုဏာတော် ကျရောက်ပါစေ) ဟုပြောကာ စလာမ်ပြုလေ့ရှိသည်။

55- “မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်း၏နောက်တွင် 'စွဗ်ဟာနလ္လာဟ်' (၃၃)ကြိမ်၊ 'အလ်ဟမ်ဒုလိလ္လာဟ်' (၃၃)ကြိမ်၊ 'အလ္လာဟုအက်ဗရ်' (၃၃)ကြိမ် ရွတ်ဆိုပါက၊ ၎င်းသည် (၉၉)ကြိမ်ဖြစ်ပြီး၊ တစ်ရာပြည့်အောင် لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ 'လာ အိလာဟ အိလလ္လလ္လာဟု ဝဟ်ဒဟူ လာ ရှရီက လဟူ၊ လဟုလ် မုလ်ကု ဝလဟုလ် ဟမ္ဒု၊ ဝဟုဝ အလာ ကုလ်လိ ရှိုင်အင်န် ကဒီရ်' ဟု ရွတ်ဆိုပါက ၎င်း၏အပြစ်များသည် ပင်လယ်ရေမြုပ်ကဲ့သို့ များပြားလင့်ကစား ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။

57- အကယ်၍ သင်တို့အနက်မှ တစ်ဦးဦးသည် မိမိ၏ဆွလာသ်ဝတ်ပြုမှုတွင် သံသယဖြစ်ပြီး ရကအသ် မည်မျှ ဝတ်ပြုခဲ့သလည်း ( ၃ )ရကအာသ်လော၊ ( ၄ ) ရကအသ်လော ဆိုသည်ကို မသေမချာဖြစ်နေလျှင်၊ ထိုသူသည် ထိုသံသယကို စွန့်ပယ်ပြီး သေချာသော ရကအသ်အရေအတွက်ကို အခြေခံကာ (ဆက်လက်ဝတ်ပြုရမည်)။ ထို့နောက် စလာမ်မလှည့်မီအရင် စဂ်ျဒဟ် နှစ်ကြိမ် ပြုလုပ်ရမည်

65- မည်သည့်အမျိုးသမီးမဆို မိမိ၏အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရှိဘဲ နိကာဟ်ပြုခဲ့လျှင် သူမ၏နိကာဟ်သည် ဘာသွိလ်(တရားမဝင်သော နိကာဟ်သာလျှင်) ဖြစ်သည်။ - ထိုစကားကို သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်- သို့ရာတွင် အကယ်၍ အမျိုးသားသည် ထိုအမျိုးသမီးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပါက သူမ၏ (ကိုယ်ခန္ဓာအား)ရရှိခံစားခဲ့သည့်အတွက် မဟရ်သည် သူမအတွက် ဖြစ်သွားပေမည်။ အကယ်၍ အုပ်ထိန်းသူများအချင်းချင်း (အုပ်ထိန်းခွင့်နှင့်ပတ်သက်၍) အငြင်းပွားမှုဖြစ်ပွားပါက အုပ်ချုပ်သူအာဏာပိုင်သည် ဝလီအုပ်ထိန်းသူ မရှိသောအမျိုးသမီး၏ အုပ်ထိန်းသူဖြစ်ပေမည်။

68- ကျွန်ုပ်က‌ လျှောက်ထားမေးမြန်းခဲ့သည်မှာ - အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့ထဲမှ တစ်ဦးဦးအပေါ်၌ ၎င်း၏ဇနီးမိန်းမနှင့် ပတ်သတ်၍ မည်သည့်ဝတ္တရားရှိပါသနည်း။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်-"အသင် စားသောက်သည့်အခါ သူမကိုလည်း ကျွေးမွေးရမည်။ အသင် ဝတ်ဆင်သည့်အခါ သို့မဟုတ် အသင်သည် ဝင်ငွေရလာသည့်အခါ သူမကိုလည်း ဝတ်ဆင်ပေးရမည် မျက်နှာကို ရိုက်နှက်ခြင်း မပြုရ။ ရင့်သီးကြမ်းတမ်းခြင်း မပြုရ။ အိမ်တွင်း၌သာ (အပြစ်အနာအဆာ ပြုပြင်ရန်) ခွဲခွာ၍နေထိုင်ခြင်း ပြုရမည်။

74- အမလ်ကျင့်ဆောင်မှုသည် ခြောက်မျိုးရှိပြီး လူသည် လေးမျိုးလေးစားရှိသည်။၎င်းတို့မှာ ဝါဂျိဗ်ထိုက်သည့်အရာ နှစ်ခု၊ တစ်ခုအစား ၎င်းနှင့် ညီမျှသည့် တစ်ခုရရှိခြင်း၊ ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ်ဆယ်ဆရရှိခြင်းနှင့် ကောင်းမှုတစ်ခုသည် အကျိုးကုသိုလ် အဆခုနှစ်ရာ ရရှိခြင်းတို့ဖြစ်သည်။

88- အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။

92- အကြင်အရှင်မြတ်၏လက်တော်တွင် ကျွန်ုပ်၏အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန်ပင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဆွလာသ်ဝတ်ပြုမှုနှင့် အတူဆုံးအနီးစပ်ဆုံး ဝတ်ပြုသူဖြစ်သည်။ ဤဆွလာသ်ဝတ်ပြုမှုသည် တမန်တော်မြတ် ‘ဒွန္နယာ’ လောကကို ခွဲခွါသွားသည့် အချိန်အထိ ဝတ်ပြုတော်မူခဲ့သော ဆွလာသ်ဝတ်ပြုမှုအတိုင်းပင်ဖြစ်သည်။

93- လူများအနက် အဆိုးရွားဆုံးခိုးဝှက်သူသည် မိမိဆွလာသ်အား ခိုးဝှက်သူပင်ဖြစ်သည်။ ထိုအခါ သာဝကကြီးက ဆွလာသ်အား မည်သို့ခိုးဝှက်ပါသနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ‘ရုကူအ်’ ဦးညွှတ်ခြင်းနှင့် ‘စဂ်ျဒဟ်’ ဦးချခြင်းတို့အား ကောင်းမွန်ကျနစွာ မပြုခြင်းပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။

99- အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။